Thursday, December 22, 2011

IPV6


IPv6 Addressing and Expressions
နေ့စဉ်နဲ့အမျှ တိုးတက်လာသော Network ၏ requirement  ကို IP V4 သည်း မဖြည့်ဆည်းနိုင်တော့သော ကြောင့် IP V6 ကိုပြောင်းသုံးဖို့ဖြစ်လာခဲ့သည်။ NAT, PAT , CIDR စသည်တို့နှင့် ဖြေရှင်းခဲ့လို့သာ IP V4 အခုချိန်ထိ အသက်ရှင်နေခြင်းဖြစ်သည်။ IP V4 တွင် 4.3 billion address ရနိုင်သော်လည်း တကယ်တမ်း သုံးလို့ရသည်မှာ 250 million သာရှိသည်ဟုဆိုသည်။ မကြာခင် IP V4 Address ကုန်ဆုံးတော့မည်။
IP V6 ကိုသုံးကြရတော့မည်။
The Benefits and Uses of IPv6
IP V4 Address သည် 32 bit ဖြစ်ပြီး ၊ IPV6 သည် 128bit ဖြစ်သည်။ Address Space 40,282,366,920,938,463,463,374,607,431,768, 211,456 ကို support လုပ်နိုင်သည်(3.4 x 10^38)။ Address မလောက်မှာကို စိုးရိမ်စရာမလိုပေ။  IPV4 ကို Create လုပ်စဉ်က ယနေ့ လိုမျိုး အင်တာနက်အပါအ၀င် Network ကြီးလာလိမ့်မယ်လို့ တွေးမိပုံမရပေ။ IPV4 တုန်းက သုံးခဲ့သော Broadcast address သည် IPV6 တွင် မရှိတော့ပဲ Broadcast အစား Multicast အသုံးပြုခြင်းဖြစ်သည်။ Broadcast ကိုအသုံးပြုခဲ့စဉ်က Broadcast Strom ကဲ့သို့သော ပြဿနာများရှိခဲ့သည်။ Broadcast သည် Network အတွင်းရှိ networking device အားလုံးကို အနှောက်ယှက်ဖြစ်စေခဲ့သည်။ Network Engineer များကြောက်သော Broadcast သည်  IPV6 တွင်မရှိတော့ပေ။
          IPV4တွင် 4 octet ရှိပြီး၊period နှင့်ပိုင်းခြားထားကာ IPV6 တွင် Eight Group ရှိသည်။Group တစ်ခုတွင် hexadecimal digits လေးလုံးပါဝင်ပြီး တစ်ခုနှင့်တစ်ခုကို :colons နှင့်ပိုင်းခြားထားသည်။ ဥပမာ-2001:0db8:3c4d:0012:0000:0000:1234:56ab
Shorten အနေနဲ့ 2001:db8:3c4d:12:0:0:1234:56ab ဟုရေးနိုင်သည့်အပြင်Zero လေးလုံးပါဝင်သော group ကို မရေးပဲချန်လှပ်ထားနိုင်ပြီး၊ : colon သာရေးနိုင်သည်။ ဥပမာ-2001:db8:3c4d:12::1234:56ab သို့သော် one continue block သာရေးနိုင်သည်။ ဥပမာ-2001:0000:0000:0012:0000:0000:1234:56ab ကို 2001::12::1234:56ab လိုမရေးနိုင်ပဲ 2001::12:0:0:1234:56ab  ဟုသာရေးနိုင်သည်။ အပြည့်မရေးပဲ အထက်တွင်ပြခဲ့သည့်အတိုင်း သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီရေးထားသော shorten address များကို Networking Equipment များသည် Auto detect ဖြစ်ပါသည်။ double colon တစ်ခုသာခွင့်ပြုသည်။ ဥပမာ-2006:0db8:0000:0000:0000:0000:0714:57ff
          2006:0db8::0714:57ff
Zero နှင့်စသော Group တွင် zero ကိုချန်လှပ်ထားနိုင်သည်။ အထက်ကဥပမာa address ကို အောက်ပါ အတိုင်းရေးနိုင်သည်။
2006:db8::714:57ff
Better Security
IP sec သည် IPV6 တွင် Built in အနေနှင့် ပါဝင်ပြီးဖြစ်သည်။ Network Layer တွင် All IP Packet အတွက် secure communicating and authenticate အတွက် အသုံးပြုနိုင်သည်။ IP sec သည် transport layer security and secure socket layer ကဲ့သို့သော encryption standard များထက် flexible ဖြစ်ပြီး၊ Network Layer တွင် operate လုပ်ပြီးTCP and UDP နှစ်ခုလုံးကို protect လုပ်ပေးနိုင်သည်။ သို့သော် complexity and processing ပိုင်းတွင်တော့ ပိုသည်။
IPV4 နှင့် IPV6 တွဲအလုပ်လုပ်ခြင်း
IPV4 သုံးနေသော network တွင် IPV6 သည် Tunneling Technique ကိုသုံး၍ အတူတကွအလုပ်လုပ်နိုင် သည်။ IPV4 header ထဲတွင် IPV6 packet ကိုထည့်သွင်း၍ ပြဿနာမရှိဘဲအလုပ်လုပ်နိုင်သည်။ ရှေးဦးစွာ IPV4 to IPV6 သို့ Leading zero များဖြည့်စွက်ခြင်းဖြင့်Translate လုပ်ပြီး   IPV6 packet ကို IPV4 Header ကိုထည့်လိုက်ခြင်းဖြစ်သည်။ data သည် ပုံမှန်အတိုင်း sent out and travel လုပ်နိုင်သည်။ Transmission အဆုံးသတ်သောအခါ IPV6-aware router သည် IPV6 packet ကို IPV4 Header ထဲမှ strip လုပ်ပြီး သက်ဆိုင်ရာ destination သို့ပို့ပေးခြင်းဖြစ်သည်။
IPV4 မှ IPV6 သို့ပြောင်းလဲခြင်း
Cisco routers, Juniper routers, Windows XP, Mac OS X, Solaris and most Linux စသည်တို့သည် IPV6 ကိုအသုံးပြုရန်အဆင်သင့်ဖြစ်နေကြပေပြီ။ NTP Version 3(Network Time Protocol), FTP စသည်တို့အတွက် IPV6 Standard Domain ကိုအသုံးပြုသောအခါ ကြီးမားသောပြုပြင်ပြောင်းလဲမှုများလုပ် ရကောင်းလုပ်နိုင်သည်။ NAT Base Firewall သုံးနေသော အဖွဲ့စည်းများအတွက်လည်း Voice Over IP , Peer to Peer software များအတွက် Firewall သည် 32 bit and 128 bit အကြား translate လုပ်ရာတွင် အခက်ခဲ ရှိနိုင်သည်။ IPV6 ကို လက်ရှိသုံးနေသော Networking device များပေါ်တွင် စမ်းသပ်ပြီးမှသာ သုံးသင့်သည်။
ဆက်ရန်-

No comments:

Post a Comment